Saturday, March 3, 2012

ENGLISH <-> MYANMAR DICTIONARY များစုစည်းမှု


ဒီတစ်ခါတော့ စိတ်ကူးလေးရတာနဲ့ မြန်မာ DICTIONARY  တွေကို တစ်နေရာတည်းစုစည်းပြီး တင်ပေးလိုက်ပါတယ် ။ကျွန်တော်တို့လို မြန်မာစာအုပ်တွေကို ဖက်ချင်တိုင်းဝယ်ဖက်လို့မရတဲ့ နိုင်ငံတွေကိုရောက်နေကြတဲ့ ဘော်ဒါတွေအတွက်တော့ အတိုင်းထက်အလွန် အဆင်ပြေစေဖို့ ရည်ရွယ်ပြီးဖေါ်ပြပေးရခြင်းဖြစ်ပါတယ်။ 
***အခုဒီ DICTIONARY SOFTWARE လေးကတော့ WHIZZO PROGRAMMING SCHOOL-->C # PROGRAMMING သင်တန်းမှ ကျောင်းသား/ကျောင်းသူ များမှ စီစဉ်ရေးသားတည်ဆောက် ထားပါသည်တဲ့..အင်္ဂလိပ် ကနေပြီး မြန်မာစာနဲ့ အဓိပ္ပါယ်ဖေါ်ပြီး ဘာသာပြန်ပေးပါတယ် ။ အဲဒီ DICTIONARY SOFTWARE လေးကို ဒီနေရာမှာEnglish-To-Myanmar-Dictionary.exe ဒေါင်းသွားနိုင်သလို သူ့ရဲ့မူရင်းဆိုက်မှာလည်း သွားရောက်လေ့လာရင်းနဲ့ ဒေါင်းလုတ် ယူနိုင်ပါတယ် http://whizzosystem.com/download.htm

***အခုဒီ DICTIONARY SOFTWARE လေးကတော့ မြန်မာစကားကို > အင်္ဂလိပ်လို ဘာသာပြန်ပြီးရှင်းပြပေးပါတယ် ။ မြန်မာနိုင်ငံက ခရီးသွားလမ်းညွန်များ ဆောင်ထားသင့်တဲ့ SOFTWARE လေးပါ ။အင်မတန်မှ ရှင်းပြချက်များ ပြည့်စုံလှပါပေတယ်..အဲဒီ DICTIONARY SOFTWARE လေးကိုလည်း ဒီနေရာမှာ Setup.exe ဒေါင်းသွားနိုင်သလို သူ့ရဲ့မူရင်းဆိုက်မှာလည်း သွားရောက်လေ့လာရင်းနဲ့ ဒေါင်းလုတ် ယူနိုင်ပါသေးတယ် http://myanmar-dictionary.blogspot.com/2009/08/myanmar-english-dictionary-version-10.html

*** အခုဒီ DICTIONARY SOFTWARE လေးကတော့ ပြီးခဲ့တဲ့တစ်ပက်ကတင်ပေးထားပြီးသား SOFTWARE လေးပါ ။ ဒီ SOFTWARE လေးကတော့
+ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော အသုံးပြုပြီး ရှာဖွေနိုင်သည်။ အင်္ဂလိပ်-မြန်မာ (Ornagai), မြန်မာ-အင်္ဂလိပ် (စိုင်း မြန်မာ-အင်္ဂလိပ်), ကိုညီလင်းဆက် ပြုစုထားသော မြန်မာကျေးရွာနာမည်များအဘိဓာန် ကို အသုံးပြုထားသည်။
+ မြန်မာစာ၏ ဝဏ္ဏဖြတ်စနစ်ကို အသုံးပြုပြီး ရှာဖွေခြင်းကို ပိုမိုတိကျအောင် ပြုလုပ်ထားသည်။ ဥပမာ - ကံ ကိုရှာစဉ်တွင် ကြံ ကို ရှာဖွေမိခြင်းမရှိစေရ။
+ စာလုံးပေါင်း အတိုင်းအတာတစ်ခု အထိပြင်ပေးနိုင်သော အလိုအလျှောက် စစ်စတမ် တစ်ခုပါရှိသည်။ ဥပမာ - ကခြော်ကခြွတ် လို့ရိုက်ပြီး Enter ကီးသုံးပေးပါက အလိုအလျောက် ကချော်ကချွတ် သို့ပြောင်းပေးသွားမည်။ 
စသည်ဖြင့်ရှင်းလင်းဖေါ်ပြပေးထားပါတယ် ။ အဲဒီ DICTIONARY SOFTWARE လေးကိုလည်း ဒီနေရာမှာ wxPyDict_setup.exe ဒေါင်းသွားနိုင်သလို သူ့ရဲ့မူရင်းဆိုက်မှာလည်း သွားရောက်လေ့လာရင်းနဲ့ ဒေါင်းလုတ် ယူနိုင်ပါသေးတယ် http://code.google.com/p/wxpydict/

အခြားသော MYANMAR DICTIONARY SOFTWARE များစွာလည်းရှိပါသေးတယ် ။သို့ပေမဲ့ သုံးရလွယ်ကူပြီး အဆင်ပြေစေမဲ့ SOFTWARE လေးတွေကိုရွေးချယ်ပြီး ဖေါ်ပြပေးရခြင်းသာဖြစ်ပါ
ကြောင်း.....................
 

No comments:

Post a Comment