Showing posts with label funny. Show all posts
Showing posts with label funny. Show all posts

Monday, March 26, 2012

ကျေးဇူးပြုပြီး မရယ်မိကြပါစေနဲ့

ကျွန်တော့်ရဲ့ဘလော့ကိုရောက်လာကြတဲ့ မိတ်ဆွေ၊ ဘော်ဒါတွေလည်း  SOFTWARE တွေ၊ GAME  တွေနဲ့ ချာလည်ပတ်လည်နေရော့မယ် ။ အဲဒီတော့ နည်းနည်းလေးလန်းသွားရလေအောင် ဟာသလေးတွေတင်ပေးလိုက်ရပါတယ် ။
ကဲ..ဘယ်လိုလဲ..လှတစ်မျက်နှာ၊ ယဉ်တစ်ကိုယ်လုံး ဆိုတာ..
ကိုယ်သွားလေရာ လိုက်ခဲ့ပါ့ကွယ်၊ ချစ်တဲ့သူလေးရယ်........
လှပါပေ့ ၊ ယဉ်ပါပေ့ မော်ဒယ်ရယ်.....
သူများတို့လည်း ရှက်တတ်ပါတယ်တဲ့......
ဟောလိ(ဟ်)၀ုဒ်စတားဖြစ်ဖို့  မီးမီးလေးလည်း မယ်ရွေးပွဲမှာ အပြိုင်အဆိုင် ၀င်နွဲပါမယ်တဲ့....
ပြုံးတာလား ၊ ရယ်တာလား ၊ အံ့သြမှင်ဓါတ်မိခြင်းလား ဖေါ်ပြလို့မရနိုင်သော ခံစားမှုမျိုးဖြင့်...
နောက်ဆုံးပေါ်နည်းပညာဖြင့် တည်ထွင်ထုတ်လုပ်ထားသော ပေါ့ပါးသွက်လက်ပြီးဒီဇိုင်းဆန်းသစ်လှသော စစ်ယူနီဖေါင်းများဖြင့် စစ်ရေးလေ့ကျင့်နေသော ရဲဘော်များ.........
ဘ၀ရဲ့ အပျော်ရွှင်ရဆုံးနေ့တွေထဲမှာ ဒီနေ့ဟာလည်း ပျော်ရွှင်ဖွယ်နေ့လေးပေါ့.............
လှပသော ၊နွဲ့နောင်းသော ၊ အမူအရာတို့ဖြင့် ရင်သက်ရှုမောဖွယ် သူ့အက သူ့အလှ......
ရက်စက်တော့မှလား ဟရို့...............

 ရှေ့သွားနောက်လိုက်ညီလှပါပေ့ ပျော်ရွှင်ဖွယ်ဇနီးမောင်နှံ.....

***    ပျော်ရွှင်မှုအပေါင်းနှင့် ပြီးပြည့်စုံကြပါစေကုန် သတည်း.............................
 

Thursday, March 8, 2012

နားငြီးလွန်းလို့

တစ်ခါက အရက်မူးပြီး ကားလမ်းကိုမျဉ်းကျားကမကူးပဲ လမ်းလယ်ကဖြတ်ကူးလို့ အဖမ်းခံရတဲ့လူတစ်ယောက် တရားရုံးကိုရောက်လာတယ်။ တရားရုံးကိုရောက်တော့ တရားသူကြီးက တရားခံကိုမေးတယ်..........
" မောင်မင်းလမ်းဖြတ်ကူးရာမှာ ဘာဖြစ်လို့ မျဉ်းကျားကမကူးရတာလဲ"
"ကျွန်တော်မျိုး မျဉ်းကျားကိုရှာမတွေ့လို့ပါ. "
" မျဉ်းကျားတွေထင်းနေအောင် ရေးထားတာဘဲ "
" မှန်ပါတယ် မျဉ်းကျားတောင်ဘက်မှာ ၊ ကျွန်တော်က မြောက်ဘက်ကိုလိုက်ရှာမိလို့ပါ "
" ရှာမတွေ့ရတာနဲ့ ကူးရောလား "
" မကူးသေးပါဘူး ၊ကူးမလို့ဟန်ပြင်နေတုန်းပါ ၊ အရက်ကနည်းနည်းမူးနေတော့ ရှေ့ကိုရိုင်သွားတဲ့ဆီမှာ မလဲအောင်လို့ ကျွန်တော်မျိုးထိန်းရင်း နှစ်လမ်း၊ သုံးလမ်း လှမ်းမိတာပါ ၊ ကျွန်တော်မျိုးအမူးလွန်နေတယ်ဆိုတာကို အရက်ရောင်းတဲ့ကိုခွေး သိပါတယ် ၊ကိုခွေးဆိုတာ မစိန်ကြည်ရဲ့ယောင်္ကျားပါ ၊ မစိန်ကြည်ရဲ့ သမီး မင်္ဂလာဆောင်တုန်းက ကျွန်တော်မျိုးသွားပါသေးတယ် ၊သူတို့က  "
" ဒီမှာ မေးတာကိုပဲဖြေပါ ၊ မျဉ်းကျားမရှိတဲ့နေရာက လမ်းဖြတ်ကူးတယ်လို့ မောင်မင်းကိုစွဲဆိုထားတယ် ၊မဟုတ်ဘူးလား ၊ဒါပဲဖြေပါ.."
" ကျွန်တော်မျိုး မကူးပါဘူး ၊ မကူးတဲ့အကြောင်းကို သက်သေပြနေတာပါ ၊ ကိုခွေးဆိုင်မှာ သောက်တုံးက ကိုအုန်းမောင် ပါ ပါတယ် ၊ကျွန်တော်မျိုးမူးရင် ရှေ့ကို လေး ငါး လှမ်းယိုင်တတ်တယ်ဆိုတာ သူသိပါတယ်၊ ကျွန်တော်မျိုးနဲ့ ကိုအုန်းမောင်နဲ့ ငါးမျှားတုန်းက အဲသလို ယိုင်ဖူးပါတယ် ၊ တောင်သမန်သွားပြီး ငါးမျှားတာပါ ၊ ဆရာတော် ဦးပညာ ကျောင်းမှာတောင် ငှက်ပျောသီးတောင်းစားပါသေးတယ် ၊ ဆရာတော်က စာလည်းရေးပါတယ် ၊သူ့ကျောင်းဘေးက သီးပင်ကြီးဆိုရင် အလွန်ချိုပါတယ်"
တရားသူကြီးမှာစိတ်မရှည်တော့.....
"  ဒီမှာမောင်မင်း ၀န်ခံလိုက်ရင် ဒဏ်ငွေ ငါးဆယ်ပဲရိုက်မှာ ဘယ်လောက်မှအပြစ်ကြီးတာလဲမဟုတ်ဘူး ၊ကြောက်စရာလည်းမလိုဘူး "
"  ကျွန်တော်မျိုး မကြောက်ပါဘူး ဘုရား ၊ဆင်ဖြူကန်သချိင်္ုင်းမှာတောင် တစ်ယောက်တည်း အိပ်လာခဲ့သေးတာဘဲ ၊ လူရွှင်တော်ကိုဒီပါ သိပါတယ်၊ သူကကိုရွှေဆီက အမဲအူပြုပ်ယူလာတာကို သင်္ချိုင်းထဲမှာသွားစားရဲရင် အကြီးတစ်လုံးပေးမယ်ဆိုလို့ သွားစားတာပါ ၊တော်ရုံ တန်ရုံနဲ့ဆို သွားစားရဲဖို့ မလွယ်ပါဘူး ၊ ကျွန်တော်မျိုးသူငယ်ချင်း တက်တူဆိုရင် ညမှေင်တာနဲ့ အိမ်ပြင်တောင်မထွက်ရဲ ပါဘူး ၊ ဒါနဲ့ အရှင်က ဘယ်အရပ်ကလဲ ၊ တက်တူတို့အိမ်နဲ့များ နီးမလားလို့ "
တရားသူကြီးက စိတ်ပျက်စွာဖြင့်
" မောင်မင်း စကားတွေ အများကြီးမပြောပါနဲ့ "
" အရှင်ဘုရား မေးလို့ ပြောတာပါဘုရား "
" မေးတာကို မေးတာလောက်ပဲ ဖြေပါ ၊ မောင်မင်း လမ်းဖြတ်ကူးသလား "
" ကူးပါဘူး ဘုရား၊ အဲဒီနား လမ်းထိပ်ကရေခဲရေသည်ကို မေးကြည့်ပါ ဘုရား၊ သူ ကျွန်တော်မျိုးကို ကောင်းကောင်းကြီးသိပါတယ်၊ ကျွန်တော်မျိုး နေ့တိုင်း သူ့ဆီက ရေခဲရေ သောက်နေကျပါ၊ သူ့ယောင်္ကျား က ဆိုက်ကားနင်းတယ် ၊ ကလေးသုံးယောက်နဲ့ ၊ သူ့နှမက မိုက်တယ်ဘုရား ၊ ထမင်းအိုးကြီးကို ပေါင်စားပစ်တယ် ၊ အခုတော့ မြေအိုးနဲ့ ချက်စားနေရတယ် ..."
တရားသူကြီးသည် သက်ပြင်းချလိုက်ပြီး အိတ်ထဲမှပိုက်ဆံကိုနှိက်ခါ ငွေငါးဆယ်ကိုစိုက်ပြီး ဒဏ်ဆောင်လိုက်သည် ၊၊ ပြီးတော့မှ တရားခံကို ထွက်သွားရန် ပြောလိုက်လေတော့သတည်း...........

*** အထက်ဖေါ်ပြပါ ဟာသ၀တ္ထုတိုသည် ကျွန်တော် BRAINLESS ၏ မူပိုင်စာသားများမဟုတ်ရဘဲ စာရေးဆရာ ကံချွန် ၏ " ကြားဖူးနားဝ ဟာသပုံပြင်များ(၁) " စာအုပ်မှ ကောင်းနိုးရာရာများကို ထုတ်နှုတ်ဖေါ်ပြပေးခြင်းသာဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်...............

Monday, January 30, 2012

beer Pictures, Images and Photos

DRINKING HARTHA





ဂုဏ်ပြုချင်လွန်းလို့
 

ဖရက်" သည်အရက်နှင့်ပတ်သတ်ပြီး အတော်လေး 
 
စိတ်မကောင်းဖြစ်နေမိလေ၏ ။ထို့ကြောင့်စိတ်ကို 
 
အတတ်နိုင်ဆုံးကြိုးစားထိန်းချုပ်ပြီး အရက်မသောက်ဖြစ်အောင် 
 
ဆင်ခြင်ပြုပြင်တော့မည်ဟု ဆုံးဖြတ်ချက်ချထား၏ 
 
။အရက်ဆိုင်ရှေ့ရောက်သည့်အခါ ဆိုင်ထဲမ၀င်ဘဲ တန်းတန်းမတ်မတ် 
 
ဆက်လျှောက်သွားနိုင်ဖို့ ပြင်ဆင်ထားလေ၏ ။
 
 
       အရက်ဆိုင်နှင့်နီးလာသောအခါ သူသည် သူ့ကိုယ်သူ 
 
သတိပေးနေ၏ ။" မင်း...ရပါတယ်ကွာ ၊ ချုပ်တည်းနိုင်ပါတယ် "
 
      အရက်ဆိုင်ထဲဝင်ချင်စိတ် ၊ တစ်ခွက် ၊တစ်ဖလား မော့ချင်စိတ်ကို
 
 ဖိနှိပ်ထားရသည်မှာ တကယ်တော့မလွယ်ကူလှပေ ။ သို့သော် 
 
ဖရက်" အောင်အောင်မြင်မြင် ချုပ်တည်းနိုင်လိုက်ပါ၏ 
 
။အရက်ဆိုင်ထဲမ၀င်ဘဲ ကျော်လာနိုင်ခဲ့ပါတယ် ။ ယခုဆိုလျှင် သူဟာ 
 
မီတာ-၅၀ လောက် ကျော်လာနိုင်ခဲ့ပြီဖြစ်ပါတယ် ။ ထို့ကြောင့် ဖရက်" 
 
က ၀မ်းသာအားရစွာနဲ့ သူ့ကိုယ်သူ ချီးကျူးစကား ဆိုလိုက်ပါတယ် .." 
 
မင်းထိန်းနိုင်မှန်း ငါစောစောကတည်းကသိပါတယ်လေ ၊ 
 
မင်းသိပ်ကိုတော်ပါပေတယ်ကွာ ၊ ကဲ...ငါတို့ပြန်လှည့်ကြရအောင် ၊ 
 
မင်းကိုဂုဏ်ပြုတဲ့အနေနဲ့ ငါ မင်းကိုအရက်ဝယ်တိုက်ပါ့မယ်ကွာ....." 
 
လို့ဆိုလိုက်ပါသတဲ့ ။။။။။။။။။။။။။

***အထက်ဖေါ်ပြပါ ဟာသ စာသားများသည် ကျွန်တော် 
 
BRAINLESS ၏ ကိုယ်ပိုင်မဟုတ်ဘဲ စာရေးဆရာ 
 
ခင်မောင်တိုး(မိုးမိတ်) ၏" အရက်သမား ဟာသများ " 
 
စာအုပ်မှကောင်းနိုးရာရာ 
 
ထုတ်နှုတ်ပြီး ဖေါ်ပြပေးခြင်းသာဖြစ်ပါကြောင်း..................
 

                            ရယ်မောခြင်းဖြင့် 
 
ဘ၀အမောတွေ ပြေနိုင် ကြပါစေ..       
 
 

Thursday, December 29, 2011

 
***အေးပြောတော့ကွာ'
 
ညက အသောက်လွန်သွားသောလူတယောက်သည် နောက်နေ့ 
 
အိပ်ရာမှအနိုးတွင် ဆေးရုံရောက်နေမှန်း
 
သိလိုက်ရ၏။သူ့ကတင်ဘေးမှာထိုင်နေတဲ့ သှူ့ အခင်ဆုံးသူငယ်ချင်းကို
 
 ဇဝေဇ၀ါ ဖြစ်နေပုံဖြင့် မေးလိုက်တယ်....
 
'ငါဘယ်လိုဖြစ်တာ လဲသူငယ်ချင်း'
 
"အေးဖြစ်ပုံကို 
 
.....ငါပြောပြမယ်၊မနေ့ညကမင်းသိပ်ကိုများသွားတယ်၊ဒီတော့မင်းကမူး
 
မူးနဲ့ 
 
ပြတင်ပေါက်ဆီလျောက်သွါးတယ်၊နောက်ပြတင်းပေါက်ပေါ်တက်ပြိး"ငါ
 
မိုးပေါ်ပျံမယ်ဟေ့လို့"ပြောတယ်ကွာ၊
 
လူနာကစူးစူးရဲရဲ အော်မေးလိုက်တယ်"ဟ.........မင်းငါ့ကိုမတါးဘူးလါး၊
 
 မင်း..ဘယ်လိုသူငယ်ချင်းလဲ "
 
သူငယ်ချင်းဖြစ်သူက 
 
ပြန်ဖြေလိုက်တယ်"ဟေ့ကောင်...မင်းအရမ်းအော်မနေနဲ့၊ 
 
မနေ့ညကတော့ မင်းတကယ်ပျံနိုင်မယ် ထင်နေတါကိုးကွ"တဲ့။ ။ ။