Saturday, April 21, 2012

ကျွန်ုပ် နှင့် ကိုမဲတူ



တစ်နေ့တော့ ကိုမဲတူ ကျွန်ုပ်ဆီရောက်လာပါ၏ ။ ၀င်လာလျှင် လာချင်းပါပဲ' အလို...ကိုဗိန်း ( brainless အား အလွယ်တကူ ကိုဗိန်း ဟုခေါ်လိုက်ခြင်းဖြစ်၏ ) တို့များ ပျောက်ချက်သားကောင်းနေလိုက်တာ ဘာတွေများ လုပ်နေသတုန်းဗျ ' ဟု သူကအရင်ဦးစွာ စကားစလေ၏ ။ ကျွန်ုပ်လဲ အဲဒီတော့မှ ' ဟာ ကိုမဲတူ လာဗျ ၊ အေးအေးဆေးဆေး ထိုင်ပါဦးလေဗျာ ' ဟုခရီးဦးကြိုပြုရလေသည်။ ' ကိုမဲတူ ရေ...ပျောက်ချက်သားကောင်းဆို ကျွန်ုပ်ခမျာမယ် သင်္ကြန်တစ်တွင်းလုံး ဂိမ်း အထောင်းခံထားရလို့ ထမင်းတောင် ထ မစားနိုင်လို့ ညနဲ့မနက် စာပေါင်းစားနေရတယ် ၊ အိပ်လဲ မအိပ်အားလို့ နှစ်ရက် နေမှ တစ်ရက်ပဲပေါင်းအိပ်နေရတယ်လေဗျာ ' ဟုသူ့၏ အမေးအား ပြန်ပြီးဖြေလိုက်ပါတယ် ။ ' ဖြစ်တတ်ရန်ကောဗျာ ကိုဗိန်း ရေ...အခုလို ဂိမ်း ကစားတဲ့ စံချိန်အတိုင်းသာ အလုပ်တွေကျိုးစားမယ် နည်းပညာတွေလေ့လာမယ်ဆိုရင် ဘယ်လောက်များ အဖိုးတန်ဖို့ကောင်းလိုက်ပါသလဲဗျာ နော" ဟု ကိုမဲတူ က နောက်စိနားကပ်နေပြီဖြစ်သော ကျွန်ုပ်၏မျက်လုံးအစုံအား ကြည့်ပြီးပြောလေရာ ကျွန်ုပ်လဲ တုံဏိဘာဝေ ဆိတ်ဆိတ်ပင်နေ နေလိုက်ပါသည်။ " ဒါ့ထက် နေစမ်းပါဦး...ကိုဗိန်း အခုကော အဲဒါ ဘာတွေလုပ်နေသတုန်းဗျ " စူးစမ်းစွာကြည့်ပြီး အမေးပုဒ်စာထုတ်ပြန်လေလျှင် ကျွန်ုပ်လဲ " အော်...ကိုမဲတူ ရေ...ကျွန်ုပ်ရဲ့ဘလော့မှာ ပို့စ် အသစ်တင်မလို့ ၊ ပြင်ဆင်နေရတာဗျ " ဟုပြန်ဖြေရင်း တစ်ယောက်တည်း အလုပ်တွေရှုပ်နေပါတယ် ။ ထို့တွင် ကိုမဲတူ သည်တအံ့တသြ အမူအရာဖြင့် " အမယ်...ကိုဗိန်း တို့က ဘလော့တွေဘာတွေ ရေးလို့ ဘလော့ဂါကြီးဖြစ်နေတယ် ဆိုပါတော့ဗျာ " ဟု ဆိုလေရာ " ဘလော့ဂါ မဟုတ်ရပါဘူး ကိုမဲတူ ရေ...အရမ်းလဲ အထင်တွေကြီးမနေပါနဲ့ဦး ကျွန်ုပ်ခမျာ ဗလာကော်လေးပါ ၊" ဟုချိနဲ့စွာပင်ဖြေလိုက်၏ ။(ဗလာကော် ဆိုသည့်စကားလုံးမှာ ကျွန်ုပ် BRAINLESS တစ်ဦးတစ်ယောက်တည်းအတွက်သာရည်ရွယ်ခြင်းဖြစ်ပြီး အခြားသောမည်သည့် ဘလော့ဂါ ကိုမျှ မဆိုလိုပါ ) ကိုမဲတူ လဲ ကျွန်ုပ်ဘေးမှာထိုင်ရင်း ခဏတာလေ့လာအကဲခတ်ရင်းမှ " ဖြစ်မှဖြစ်ရလေ ကိုဗိန်း ရယ်......" ဟုကောက်ခါ ငင်ကာ ဆိုရင်း  သနားစဖွယ်ကောင်းသောသတ္တ၀ါတစ်ကောင်အားကြည့်သော ကြည့်ခြင်းမျိုးဖြင့် ကျွန်ုပ်အားကြည့်နေလေ၏ ။ ကျွန်ုပ်လဲ မျက်လုံးလေး( ပေကလပ်)၂ နားမလည်သောအမူအရာဖြင့် " အလိုလေးဗျာ..ဘာများတုန်း ကိုမဲတူ ရ.." ဟုဆိုလေလျှင် " အို...ကိုဗိန်း ရယ်...ဒူဗိုင်း< ->ရန်ကုန် ခရီးစဉ်လို ခရီး(တထောက်နား)၂ တွေနဲ့ လိုရာခရီးကိုရောက်ဖို့ရာ ခဲယဉ်းလိုက်ပါဘိသနဲ့  SHORTCUT လေးတွေနဲ့သုံးစမ်းပါလားဗျာ " ဆိုလျှင် ကျွန်ုပ်လဲ " အော်...အပြစ်တင်တတ်ရန်ကောဗျာ တို့များမှမသိဟာကို ကိုမဲတူ များသိက လင်းစမ်းပါဦးလားဗျာ " ဟု သိလိုဇောဖြင့် ပြောလိုက်လေရာ " အင်း...ကိုဗိန်း မှအလိုရှိနေရင်ဖြင့် ပေးရမှပေါ့ဗျို " ဟု ဆိုပြီးလျှင် အောက်တွင်ဖေါ်ပြထားသော SHORTCUT တို့အား မဆိုင်းမတွပင် ပေးလေ၏ ။
***   ဒေါင်းလုပ်ယူရန်...../pc_shortcut.rar

"ဟောဒီ က SHORTCUT တွေက ဘယ်လိုများအသုံးဝင်သတုံး အညွှန်းလေးကို ရှေ့ပြေးလေး အမိန့်ရှိပါဦးလားဗျာ " ဟု ကျွန်ုပ်က စောဒကတတ်လေလျှင် " ကိုဗိန်း ရေ...ဟောသလိုရှိသဗျ
- COMPUTER SHORTCUTS & SPECIAL  CHARACTERS
- ADOBE DREAMWEAVER -Cs- 5 SHORTCUTS
- EXCEL 2010
- FIREFOX
- ADOBE FLASH -CS- 5
- ADOBE ILLUSTRATOR -CS- 5
- ADOBE INDESIGN -CS- 5
- ADOBE PHOTOSHOP -CS- 5
- ADOBE QUARK X PRESS 8
- MS WORD 2010
!!!!!!!!!! စသည် စသည်ဖြင့်သော SHORTCUTS KEY တွေအပြင် အခြားမြှောက်များစွာသော SHORTCUTS KEY တွေလည်းပါဝင်ပါတယ်တဲ့ဗျား " ဟု ရှင်းပြလေ၏ ။ ကျွန်ုပ်လဲ ၄င်း SHORTCUTS KEY  တွေကို PRINT ထုတ်ပြီးသကာလ စားပွဲပေါ်မှာဖြန့်ခင်းပြီးလျှင် အသည်းအသန်လေ့ကျင့်ပါလေတော့သတည်း................

*** မှတ်ချက်...ကျွန်ုပ်၏ စိတ်ကူးထဲတွင် ဖြစ်ပေါ်လာသည့်အတွေးတို့အား ဇာတ်လမ်းထွင်ရေးဖွဲ့သီကုံးထားသည်ဖြစ်ပါသောကြောင့် အမှားအယွင်းတစုံတစ်ရာများရှိခဲ့ပါမူ သည်းခံ ခွင့်လွှတ်ပေးကြပါရန် ပန်ကြားအပ်ပါသည်ခင်ဗျား............
 

No comments:

Post a Comment