Wednesday, February 15, 2012

Theseus - Return of the Hero v1.2



ဒီတစ်ခါ ကျွန်တော် FLASH GAME ကောင်းကောင်းလေး တစ်ခုဖေါ်ပြပေးချင်ပါတယ် ။ အပစ် အခတ် ၀ါသနာပါတဲ့ ဘော်ဒါတွေအတွက်ပါ ။ ဒီ GAME လေးရဲ့ဇာတ်လမ်း အကျည်းချုပ်ကတော့ ဒီလိုပါတဲ့ဗျား... မိတ်ဆွေဟာ မြို့ဟောင်းကြီးတစ်ခုကို စရောက်သွားပါတယ် ။ အဲဒီမြို့ဟောင်းကြီးမှာ အသားစားကျူးတဲ့ သတ္တ၀ါတွေရဲ့ သောင်းကြမ်းမှုကြောင့် လူတွေမဆိုထားနဲ့ အိမ်မွေးတိရိစ္စာန်တွေပါမကျန် သေကျေပျက်စီးကုန်ကြပါပြီ ။ သို့ပေမဲ့...မိတ်ဆွေဟာ  အဲဒီမြို့ကြီးထဲမှာ ကံကောင်းထောက်မစွာ အသက်ရှင်ပြီးကျန်ရှိနေသေးတဲ့ လူတွေကို လိုက်လံရှာဖွေပြီး ကယ်ဆယ်ပေးရမှာဖြစ်ပါတယ် ။ အဲဒီလို မိတ်ဆွေက လူတွေကိုလိုက်လံရှာဖွေပြီးကယ်ဆယ်တော့ အသားစားကျူးတဲ့သတ္တ၀ါတွေက မိတ်ဆွေကိုကော ရန်မပြုကြဘူးလို့ထင်ပါသလား ။။။ ဟဲဟဲ..လက်တွေ့ဝင်ပြီးကစားကြည့်လိုက်ပါ ။ ကျွန်တော် စ ကစားတုန်းကဆိုရင် သေနက်ပစ်နိုင်ဖို့နေ နေသာသာ ဖနောင့်နဲ့တင်ပါး တသားတည်းပဲဗျို့ ။။ တစ်ခန်းပြီးရင် နောက်တစ်ခန်းကပိုပြီးတော့ခက် ခက်လာပါတယ် ။။သေနက်တွေ ၊ကျည်တွေ၊ လက်နက်ကိရိယာတွေကိုလည်း မိတ်ဆွေရဲ့စိတ်ကြိုက် ငွေနဲ့ချင့်ချိန်ပြီး ၀ယ်နိုင်ပါတယ်။ FLASH GAME လေးဆိုပေမဲ့ တော်တော်အဆင့်မြင့်တဲ့ FLASH GAME လေးလို့တောင်ပြောလို့ရပါတယ် ။ကဲ...ကြော်ငြာတာတွေလည်းများနေမယ် စိတ်ဝင်စားတယ်ဆိုရင်တော့ ..(1)...Theseus.exe
                                                                                                            (2)Theseus - Return of the Hero v1.2.zip



No comments:

Post a Comment