Saturday, January 21, 2012

BLOGGER PROFILE

ဒီနေ့တော့ ကျွန်တော်ရဲ့အကြောင်းလေး

 ကိုရေးပြီ;တင်မယ်လို့စိတ်ကူးပေါ်လာတာနဲ့ ဒီ POST



 လေးကိုရေးပြီးတင်ဖြစ်တယ် ။ကျွန်တော့်အကြောင်းကိုပြောရရင်

 ထူးခြားတဲ့အရာကတော့


 ......လွဲတဲ့နေရာမှာတော့ 

 ရှေးဘ၀ကကံအကျိုးပေးလို့ပဲပြောရမလောက်အောင်ကို

 သူမတူအောင်ပါဘဲ ။ငယ်စဉ်တုန်းကတော့  ဆွေမင်း(ဓနုဖြူ) ရဲ့

 မြိုင်ရာဇာ တွတ်ပီ

 ကာတွန်းကို စွဲစွဲမြဲမြဲ ဖက်ခဲ့တယ် ။ ဦးတွတ်ပီ ရဲ့

 အမြဲပြောနေကြစကားက" ဒီနေ့

 ကံမကောင်းပါလား "  တဲ့ ။ ကိုယ့်ကိုကိုယ်

 သတိထားမိတဲ့အချိန်မှာတုန်းကဆို အဲဒီလို အလွဲ

 အမှားတွေအတွက် ကိုယ့်ရဲ့နောင်ရေးကိုစဉ်းစားပြီး

 တော်တော့်ကိုရင်လေးမိခဲ့ရတယ်

 ။အခုတော့ အရေတွေလည်း ထူကုန်ပြီး အဲဒီလို အလွဲလွဲ အချော်ချော်

 ဖြစ်နေရတာကို

 ဂုဏ်ယူမိလာတယ် ။ အလွဲလွဲ အချော်ချော်ဖြစ်တယ်ဆိုတာ

 ဘယ်လိုမှတမင်တကာလုပ်ယူလို့ရတဲ့ အရာမှမဟုတ်တာ ။အဲဒီလို

 တမင်တကာလုပ်ယူလို့မရတဲ့ အရာကိုမှ ပိုင်ဆိုင်ထားတဲ့ကျွန်တော့်ရဲ့

 အဖြစ်က

 ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလိုက်ပါသလဲ......


***အလွဲလွဲ အချော်ချော်ဖြစ်တယ်ဆိုတာ ကျွန်တော့်အတွက်

 မှတ်ပုံတင်ထားတဲ့

 ကျွန်တော့်ရဲ့မူပိုင် သင်္ကေတအမှတ်အသားလိုဖြစ်နေပါပြီ..........

ကဲ အခုလဲ ကျွန်တော့်ရဲ့အကြိုက်ဆုံး သီချင်းလေးကို

 တင်ပေးလိုက်ပါတယ်




No comments:

Post a Comment