Wednesday, February 29, 2012

ENGLISH-MYANMAR DICTIONARY SOFTWARE

မြန်မာ> အင်္ဂလိပ် DICTIONARY ကိုမှ လိုချင်ပါတယ်ဆိုတဲ့ အချို့ အချို့ သောပုဂ္ဂိုလ်များအတွက်ပါ ။။ဒီ SOFTWARE လေးကို ရှိထား/သိထား ပြီးသား လူတွေရှိသလို ၊ မရှိသေး/ မသိသေးတဲ့ သူတွေလဲရှိပါလိမ့်မယ် ။ဘယ်လိုပဲဖြစ်ပါစေလေ ပြီးပြည့်စုံတဲ့ မြန်မာ> အင်္ဂလိပ် DICTIONARY SOFTWARE ကောင်းကောင်းလေးမို့ အမှတ်တရလေးဖြစ်သွားရလေအောင် ဖေါ်ပြပေးလိုက်ရပါတယ် ။
'ဒီနေရာမှာသာဒေါင်းသွားလိုက်ပါ...wxPyDict_setup.exe
 
 

Monday, February 27, 2012

မိမိ ရဲ့ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်တော့မည်ဆိုပါလျှင်...



ဒီနေ့ ကျွန်တော် မဟာဘုတ်နှင့်ပတ်သတ်ပြီး မိတ်ဆွေတို့ရဲ့ အိမ်ထောင်ဖက်တွေအကြောင်း တစေ့တစောင်းပြောပြပေးချင်ပါတယ် ။ ကျွန်တော်ယုံကြည်ပါတယ်...ဒီ POST လေးကို ဖက်နေတဲ့ဘော်ဒါတွေအတော်များများဟာ မဟာဘုတ်ရဲ့အခြေခံသဘောတရားအချို့ကို နားလည်ထားနှင့်ကြပြီးသားဖြစ်မယ်ဆိုတာကိုပါ ။ အဲ့ဒါကြောင့် အသေးစိတ်ရှင်းတော့ရှင်းမပြတော့ပါဘူး ။

{ ၁ } မိတ်ဆွေတို့ရဲ့ မဟာဘုတ်ခွင်မှ "မရဏ " ဂြိုဟ်ခွင်မှာရှိသော နေ့နံသား/ သမီး ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့မယ် ဆိုပါလျှင် အမျိုးမျိုးသော ကျန်းမာရေးပြသနာ အချို့ ၊အချို့ တို့ကြောင့် အိမ်ထောင်ရေးအဆင်မပြေမှုတွေဖြစ်တတ်ပါတယ်တဲ့ ။။။။။

{ ၂ } " ဘင်္ဂ " ဂြိုဟ်ခွင်မှာရှိသော နေ့နံသား/ သမီး ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့မယ် ဆိုပါလျှင် အိမ်ထောင်ရေးမမြဲတတ်ပါဘူးတဲ့ ၊ အကယ်လို့များ အိမ်ထောင်ရေးမြဲခဲ့တယ်ဆိုပါလျှင်လည်း အတူမနေရဘဲ ခွဲခွါနေရတတ်ပါတယ်တဲ့ ။။။။။

{ ၃ } " ပုတိ " ဂြိုဟ်ခွင်မှာရှိသော နေ့နံသား/ သမီး ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့မယ် ဆိုပါလျှင် မိမိကိုယ်တိုင်သော်လည်းကောင်း ၊ မိမိ၏အိမ်ထောင်ဖက်ကသော်လည်းကောင်း တစ်ဦးဦးက အိမ်ထောင်ရေးဖေါက်ပြန်မှုတွေ ရှိနေတတ်ပါတယ်တဲ့ ။။။။။

{ ၄ } " အထွန်း " ဂြိုဟ်ခွင်မှာရှိသော နေ့နံသား/ သမီး ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့မယ် ဆိုပါလျှင် မိမိရဲ့အိမ်ထောင်ဖက်က မိမိရဲ့အပေါ်မှာ အစစ အရာရာ လွှမ်းမိုးချုပ်ကိုင်ပါလိမ့်မယ်တဲ့ ။။။။။

{ ၅ } " သိုက် " ဂြိုဟ်ခွင်မှာရှိသော နေ့နံသား/ သမီး ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့မယ် ဆိုပါလျှင် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အနိုင်ယူလို့ရသလို ၊ အပြန်အလှန် ဆိုးနွဲ့မယ်ဆိုလျှင်လဲ ရပါတယ်တဲ့ ။ ဆိုလိုချင်တာကတော့ နားလည်မှုတွေ အပြန်အလှန်ရှိတဲ့ သာယာပျော်ရွှင်ဖွယ်ရာကောင်းတဲ့ လိုက်ဖက်ညီတဲ့ အိမ်ထောင်ဖက်တွေ လို့ပြောလို့ရပါတယ်တဲ့ ။။။။။

{ ၆  } " ရာဇ "  ဂြိုဟ်ခွင်မှာရှိသော နေ့နံသား/ သမီး ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့မယ် ဆိုပါလျှင် ပလီ ပလာ တီတီ တာတာ တွေပြောဆို ချွဲနွဲ့ပြီးတော့သာ အချိန်တွေကုန်နေတတ်ပါတယ်တဲ့ ။။။။။

{ ၇ } " အဓိပတိ "  ဂြိုဟ်ခွင်မှာရှိသော နေ့နံသား/ သမီး ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့မယ် ဆိုပါလျှင် မိမိရဲ့ အပေါ်မှာ မိမိရဲ့အိမ်ထောင်ဖက်က သြဇာအာဏာတွေပေးပြီး အရာရာကိုလွှမ်းမိုးအုပ်ချုပ်မှုတွေပြုလုပ်တာကို ခံရတတ်ပါတယ်တဲ့ ။။။။။

***  ကျွန်တော် လေ့လာခဲ့ဖူးသမျှ တို့မှ ဖေါ်ပြပေးခြင်းသာဖြစ်ပါတယ် ။ ကျွန်တော်ဟာ ကျွမ်းကျင်လိမ်မာလှတဲ့ ဗေဒင် ဆရာတစ်ယောက်မဟုတ်ရဘဲ အပျော်တန်းလေ့လာလိုက်စားခဲ့ရတဲ့ ၀ါသနာရှင်တစ်ယောက်သာဖြစ်သည့်အတွက်ကြောင့် အမှားအယွင်း တစ်စုံတစ်ရာ များရှိခဲ့သည်ဆိုပါက နားလည်ခွင့်လွှတ်ပေးပါရန် ပြောကြားပါရစေခင်ဗျား..........
 
 

ကျွန်တော့်ဘ၀ရဲ့ အလွဲ အမှား ဟာသများ


ကျွန်တော်အခု ဒီသီချင်းလေးကို အမှတ်တမဲ့နားထောင်လိုက်တာ ကျွန်တော့်အတွက်အမှတ်တရတွေကိုဖြစ်သွားစေခဲ့ပါတယ် ။ အော်...ဘယ်တုန်းကမှ တိုက်ဆိုင်မှုတွေ ၊ ကံကောင်းခြင်းတွေ နဲ့ မကြုံတွေ့ဘဲ အမြဲတမ်း လွဲပြီးရင်း လွဲနေရတဲ့ ကျွန်တော် BRAINLESS  ရဲ့ ရင်ကို လှုပ်ခတ်သွားစေတဲ့ သီချင်းလေးတစ်ပုဒ်ပါ.....

 အခြားသူများလို ကဗျာတွေ ၊စာတွေနဲ့ရေးဖွဲ့ပြီး ဖေါ်ပြချင်ပါသော်လည်း အဲဒီလောက်ထိအောင် ဥာဏ်ကမမှီလေတော့ သူများသီဆိုပြီးသား သီးချင်းနဲ့ပဲ ဖေါ်ပြပေးလိုက်ရပါတယ်..........


Saturday, February 25, 2012

ERASER SOFTWARE -V 6.0.9.2343



ဒီတစ်ခါ ကျွန်တော် ERASER လို့ခေါ်တဲ့ SOFTWARE လေးကို ဖေါ်ပြပေးလိုက်ပါတယ်။မိတ်ဆွေရဲ့ HARD DISK( HARD DRIVE) ထဲမှာရှိတဲ့ DATA တွေကိုဖျက်တဲ့နေရာမှာ အရေးကြီးတဲ့ WINDOWS ဖိုင်တွေကို မထိခိုက်စေရဘဲ မိမိဖျက်ချင်တဲ့ ဖိုင်တွေကို စိတ်ကြိုက်ဖျက်လို့ရပါတယ် ။အရေးကြီးတဲ့ WINDOWS နဲ့ပက်သက်တဲ့ ဖိုင်တွေဆိုရင် ဒီ SOFTWARE ကဖျက်ပေးမှာမဟုတ်ပါဘူး။အသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ သူ့ရဲ့မူရင်းဆိုက်မှာသွားပြီးလေ့လာနိုင်ပါတယ် ။http://eraser.heidi.ie/index.php

ဒေါင်းလုတ် လုပ်ချင်ရင်တော့ ဒီနေရာမှာယူသွားလို့ရသလို..သူ့ရဲ့မူရင်းဆိုက်မှာလဲ ယူလို့ရပါတယ် ။Eraser 6.0.9.2343.exe
 

Monday, February 20, 2012

How to increase firefox speed

'

ဒီတခါ ကျွန်တော်ရဲ့ဘော်ဒါတွေကို FIREFOX ကိုမြန်စေတဲ့နည်းလေး ဖေါ်ပြပေးချင်ပါတယ် ။ FIREFOX ကိုမြန်စေတဲ့ နည်းလမ်းများစွာထဲကနေ ကောင်းနိုးရာရာလေးရွေးပြီး ဖေါ်ြ့ပပေးရခြင်းဖြစ်ပါသည် ။ဒီလို မြန်စေတဲ့နည်းလမ်းလေးတွေ ဖေါ်ပြပေးတယ်ဆိုတာ ကလည်း  အားလုံးကိုကျွန်တော်ကိုယ်ခြင်းစာပါတယ် ။ မည်သူမဆို မိမိသုံးနေတဲ့စက် CLICK တချက်နှိပ်လိုက်ရင် ဖြန်းခနဲ ၊ ဖြန်းခနဲ ဖြစ်နေအောင် မြန်နေမှကြိုက်ကြတယ် ။ ကျွန်တော်ဆိုလို့ရှိရင် တစ်ခါတစ်လေ စက်က LOADING လုပ်နေတာကြာနေပြီး ကိုယ်လိုချင်တဲ့ဆီကို တော်တော်နဲ့မရောက်နိုင်ဘူးဖြစ်နေတဲ့အခါမှာဆိုရင် အနီးနားမှာရှိနေတဲ့ ပြတင်းပေါက်ကိုဖွင့်ပြီး သုံးလွှာအမြင့်ကနေ(ကျွန်တော့်အခန်းက သုံးလွှာမှာနေတာမိုလို့ပါ) အောက်ကိုပစ်ချပြစ်လိုက်ချင်စိတ်တောင် ဖြစ်ပေါ်ခဲ့ဖူးပါတယ် ။အဲဒါကြောင့် ကျွန်တော့်ရဲ့ဘော်ဒါတွေကိုကျွန်တော့်လို စိတ်ညစ်ရ၊စိတ်တိုရတဲ့ အဖြစ်မျိုးတွေ မကြုံတွေ့ကြရလေအောင် ရည်ရွယ်ပြီးဖေါ်ပြပေးရခြင်းသာဖြစ်ပါသည်။
ဒီလို FIREFOX ကိုမြန်စေတဲ့နည်းလမ်းတွေက မူကွဲများစွာရှိပါတယ် ။ကျွန်တော်ကတော့ ဒီနည်းလေးကို သဘောကျလို့ ဒီနည်းလမ်းလေးအတိုင်း ကျွန်တော့်စက်ကိုပြင်ထားပါတယ် ။ စိတ်ဝင်စားမယ်ဆိုရင်တော့လဲ...

*** အရင်ဦးဆုံး FIREFOX မှာ ABOUT:CONFIG ဆိုပြီး ၀င်လိုက်ရင် အထက်ဖေါ်ပြပါ စာမျက်နှာပေါ်လာပါမယ် ၊ မျှားပြထားတဲ့နေရာကို ရဲရဲကြီး CLICK နှိပ်လိုက်ပါ.........

အဲဒီအခါမှာ...အထက်ဖေါ်ပြပါ စာမျက်နှာကိုရောက်ပါလိမ့်မယ်။ အဲဒီမှာ PIPELINING ဆိုပြီးစာရိုက်ထည့်လိုက်ရင် အခုလိုမြင်ရပါမယ် ။ အဲဒီမှာ ပုံတွင်ပြထားသည့်အတိုင်း DOUBLE CLICK နှိပ်ပြီး နံပါတ်(8) ၊ TRUE  ၊ TRUE  စသည်ဖြင့်ပြောင်းပေးလိုက်ပါ ။အဲဒီနောက် အဲဒီစာမျက်နှာမှာဘဲ RIGHT CLICK နှိပ်ပြီး NEW > INTEGER စသည်ဖြင့်သွားပါ...

ဖေါ်ပြပါပုံအတိုင်း သွားပါ....


အထက်ပါအတိုင်း ပေါ်လာတဲ့ NEW INTERGER VALUE မှာ NGLAYOUT.INITIALPAINT.DELAY  ဆိုတာကိုဖြည့်ပြီး OK ကိုနှိပ်ပါ...

အထက်ပါအတိုင်း ZERO ဖြည့်ပြီး OK လိုက်ပါဦး......
နောက်တစ်ကြိမ် အဲဒီစာမျက်နှာမှာဘဲ RIGHT CLICK နှိပ်ပြီး NEW > INTEGER ကိုထပ်သွားလိုက်ပါဦး...

အဲဒီမှာ အထက်ဖေါ်ပြပါအတိုင်း CONTENT.NOTIFY.INTERVAL ဆိုတာကိုဖြည့်ပြီး OK လိုက်ပါ...

အထက်ဖေါ်ပြပါအတိုင်း 500000 ဖြည့်ပြီး OK လိုက်ပါဦးဗျာ........အဲဒီလိုပြီးတဲ့နောက် စိတ်ရှည်ရှည်ထားပြီး နောက်တစ်ကြိမ်ထပ်ပြီး အဲဒီစာမျက်နှာပေါ်မှာဘဲ RIGHT CLICK နှိပ်ပြီး NEW > BOOLEAN ကိုဆက်ပြီးသွားလိုက်ကြပါစို့.....

အထက်ပါပုံတွင်ပြထားသကဲ့သို့ NEW BOOLEAN VALUE နေရာမှာ CONTENT.NOTIFY.ONTIMER ဆိုပြီးဖြည့်ပြီးလျှင် OK ပြီးတဲ့နောက်...

အထက်ဖေါ်ပြပါပုံအတိုင်း TRUE ပြောင်းပြီး OK လိုက်ပါဦးဗျာ.......အဲဒီလိုပြီးတဲ့နောက် နည်းနည်းလေးစိတ်ရှည်သီးခံပြီး အဲဒီစာမျက်နှာပေါ်မှာဘဲ  RIGHT CLICK > NEW > INTEGER ဆိုပြီးခရီးဆက်လိုက်ကြပါစို့ဦးရဲ့.............

ပုံတွင်ပြထားသည့်အတိုင်း  CONTENT.SWITCH.THRESHOLD ဆိုပြီးဖြည့်လိုက်ပြီးလျှင် OK လိုက်ပါ..အဲဒီနောက် 

သူ့ရဲ့ VALUE ကို 250000 ဖြည့်ပြီး OK လိုက်ပါဦး..................ကဲ.....ရောက်ပါပြီဗျာ ..နောက်ဆုံးအဆင့်ကို ။အဲဒီတော့ စောစောပိုင်းကလိုပဲ  RIGHT CLICK > NEW > BOOLEAN  ဆိုပြီး ဆက်သွားလိုက်ကြပါစို့ဦးလား.........

အထက်ဖေါ်ပြပါပုံအတိုင်း  CONTENT.INTERRUPT.PARSING  လို့ဖြည့်ပေးပြီး OK ပါ ...

အဲဒီမှာ FALSE ဆိုတာကိုပြောင်းပြီး OK လိုက်ပါတော့ဗျား..........

***  အဲဒီလိုပြင်ဆင်ပြီးတဲ့နောက် FIREFOX  ကို RESTART ပြန်လုပ်လိုက်ပြီး >>  မိတ်ဆွေတို့ရေ..........ဖလန်း ဖလန်း ထနေတဲ့ FIREFOX ကြီးနဲ့ ပျော်ပျော်ပါးပါးကြီးသာစိတ်ကြိုက် ကိုယ်လိုရာခရီးကို ခရီးနှင်ကြစေတော့ဗျား......................

***  အဲ...ဒါထက် နောက်တခုသတိပေးချင်တာတစ်ခုရှိတယ်ဗျ ။အဲဒါကတော့ မိတ်ဆွေရဲ့  FIREFOX  မှာ ERROR တွေတက်နေရင်လည်း  ကိုယ်လိုရာခရီးကို အဟန့်အတားဖြစ်စေပြီး ကြံ့ကြာနေစေတတ်ပါတယ် ။အဲဒီတော့ အဲဒီ ERROR တက်နေတာတွေကို ရှင်းလင်းပေးဖို့လိုအပ်ပြန်ပါတယ်..........စာဖက်သူအပေါင်းလည်းငြိုငြင်မှာလည်း စိုးတဲ့အတွက် အမြန်ဆုံးနည်းနဲ့ ပုဂံလုံးစီးပြီး SHORTCUT နဲ့ပဲမြန်မြန်သွားလိုက်ကြပါစို့....CTRL  >  SHIFT  >  J  ကိုသွားလိုက်ပါ.....

အထက်ပါပုံတွင် ဖေါ်ပြထားသကဲ့သို့ ALL ကို ရွေးချယ်ပြီး CLEAR လုပ်လိုက်ပါ..........



 ***   အားလုံးပဲ ၀မ်းသာ ပျော်ရွှင်ကြစေတော့ဗျား...........................

  နောက်တစ်နည်း ဆက်ပြီး လေ့လာချင်သေးတယ်ဆိုရင် ...

Would you like to increase Firefox’s speed to allow a much more enjoyable (faster) internet experience?  If so, follow these steps….
1.) Open up Firefox
2.) Go to the address bar, and type    about:config
3.) Next, look for the settings below, and change them to the values specified:
network.http.max-connections: 48
network.http.max-connections-per-server: 24
network.http.max-persistent-connections-per-proxy: 12
network.http.max-persistent-connections-per-server: 6
network.http.pipelining:   true   (“toggle” to “true”)
network.http.pipelining.maxrequests: 8
network.http.proxy.pipelining:  true     (double click to “true”)
——-
4.) Exit Firefox, and then restart it.
5.) After restarting Firefox, navigate to Tools, then choose Clear Recent History.
6.) Navigate to your favorite website(s) and enjoy the Firefox Speed Increase!